Pay-per-click advertising explained

MogokAds က နိုပ်မှပေး (pay-per-click) ရသည့် ကြော်ငြာ ဝန်ဆောင်မှု ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အင်တာနက်မှာ ကြော်ငြာတာဟာ ပုံစံမျိုးစုံနဲ့ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ အချိန်အတိုင်းအထွာအလိုက်၊ ပြသည့် ကြော်ငြာအကြိမ်အရေအတွက်အလိုက် (သို့) ကြော်ငြာပေးလိုက်သဖြင့် တစ်ခုခုရောင်းရလျှင် မည်မျှပေးမည် စသဖြင့် အမျိုးမျိုးရှိကြပါတယ်။

နိုပ်မှပေး (pay-per-click) ဝန်ဆောင်မှုကို အကြမ်းအားဖြင့် ပြောရလျှင် သင်ကြော်ငြာကို ပြထားသည့် webpage မှ လူတစ်ယောက်သည် သင်၏ ကြော်ငြာကို စိတ်ဝင်စားသဖြင့် သင်သတ်မှတ်ထားသည့် သင်၏ website သို့ ရောက်လာမှသာလျှင် ဝန်ဆောင်ခ ပေးရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် သင်ဟာ သင့်သတ်မှတ်ထားသည့် website သို့ လူတစ်ယေက် ရောက်လာလျှင် မည်မျှအကုန်အကျခံမည်ဟု ဆိုသည်နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် လာရောက်လည်ပတ်သူသည် သင့်အတွက် မည်မျှတန်ဖိုးရှိသည် (သို့) အကုန်အကျခံမည်ဟု တွက်ချက်ပြီး ထည့်သွင်းရသည့် ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းမျိုးဖြစ်သည်။

ဥပမာ၊ ၊
www.AAA.com သည် MogokAds နှင့် ချိတ်ဆက်ထားသည့် website တစ်ခုဖြစ်သည်။
သင်သည် ကျွန်တော်တို့၏ MogokAds မှတဆင့် ကြော်ငြာထည့်သည်။ သင်သည် ကြော်ငြာများကို တစ်ယောက်ယောက်က နိုပ်လျှင် သင်၏ ကိုယ်ပိုင် website ဖြစ်သော www.ZZZ.com သို့ ပို့ပေးရန် ညွှန်ကြားထားသည်။
➤ ကြော်ငြာစတင်သည်နှင့် MogokAds သည် www.AAA.com တွင် သင်၏ ကြော်ငြာများကို စတင်ပြသသည်။
➤ ထိုအခါတွင် www.AAA.com သို့လာရောက်သူ တစ်ဦးဦးမှ သင်၏ ကြော်ငြာကို တွေ့ရှိကာ စိတ်ဝင်စားသဖြင့် click လုပ်သည်။
➤ Click လုပ်လျှင် MogokAds မှ သင် သတ်မှတ်ထားသည့် www.ZZZ.com သို့ ထိုသူကို စေလွှတ်ပေးသည်။
➤ ထိုသူသည် www.ZZZ.com သို့ ရောက်ရှိသည်။

အထက်ဖေါ်ပြပါအတိုင်း သင်၏ www.ZZZ.com သို့ လူတစ်ယောက် ရောက်ရှိလာမှသာလျှင် သတ်မှတ်ထားသည့် အခကြေးငွေကို ကြော်ငြာခအဖြစ် ပေးချေရမှာဖြစ်ပါတယ်။

ဒါကြောင့် အခုလို သင်သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိမှသာလျှင် ပေးရသည့် ဝန်ဆောင်မှုဖြစ်သောကြောင့် performance network ဟုလည်း ခေါ်သည်။ မြန်မာလိုတော့ တကယ်ထိရောက်မှ ပိုက်ဆံပေးရတဲ့ ဝန်ဆောင်မှု ကြော်ငြာကွန်ယက်လို့လည်း ခေါ်နိုင်မယ် ထင်ပါတယ်။

Where to start


ဒီဆိုဒ်ကနေ ကျွန်တော်တို့ နေစဉ်ကြုံတွေ့ရတဲ့ အခက်အခဲများ၊ ကြော်ငြာရှင်များနှင့် ဆိုဒ်ပိုင်ရှင်များရဲ့ မေးခွန်းတွေကို အားလုံးဖတ်လို့ရအောင် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိသိချင်တာတွေကို ဒီ post တွေရဲ့အောက်က comment မှာ ရေးပေးခဲ့လိုရပါတယ်။

လူအများသိချင်တဲ့ အမေးအဖြေတွေကိုတော့ FAQ ဆိုပြီး စုစည်းတင်ပြ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

Welcome to new MogokAds home

မိုးကုတ်အက် (MogokAds) ရဲ့ နေရာအသစ်ဖြစ်တဲ့ ဒီ website ကို ၂၆-၁-၂၀၁၄ မှ စတင်ပြုလုပ်လိုက်ပါတယ်။ အစမ်းသဘောအနေနဲ့ MogokAds ကို စတင်ခဲ့တာ ၄-၅ လခန့်ရှိပြီဖြစ်ပေမယ့် website ရယ်လို့ သီးသန့်မရှိဘဲ အီးမေးလ်တွေနဲ့သာ ဆက်သွယ်လုပ်ဆောင်ပေးနေခဲ့တာပါ။ အခုအချိန်မှာတော့ MogokAds အတွက် သီးသန့် website တစ်ခု ပြုလုပ်ရမယ့် အနေအထားတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။

MogokAds ကို ရည်ရွယ်ချက်ကောင်းကောင်းတဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်တာကြောင့် မကြာခင်မှာ ဒီထက် အောင်မြင်လာမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။