Pay-per-click advertising explained

MogokAds က နိုပ်မှပေး (pay-per-click) ရသည့် ကြော်ငြာ ဝန်ဆောင်မှု ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အင်တာနက်မှာ ကြော်ငြာတာဟာ ပုံစံမျိုးစုံနဲ့ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ အချိန်အတိုင်းအထွာအလိုက်၊ ပြသည့် ကြော်ငြာအကြိမ်အရေအတွက်အလိုက် (သို့) ကြော်ငြာပေးလိုက်သဖြင့် တစ်ခုခုရောင်းရလျှင် မည်မျှပေးမည် စသဖြင့် အမျိုးမျိုးရှိကြပါတယ်။

နိုပ်မှပေး (pay-per-click) ဝန်ဆောင်မှုကို အကြမ်းအားဖြင့် ပြောရလျှင် သင်ကြော်ငြာကို ပြထားသည့် webpage မှ လူတစ်ယောက်သည် သင်၏ ကြော်ငြာကို စိတ်ဝင်စားသဖြင့် သင်သတ်မှတ်ထားသည့် သင်၏ website သို့ ရောက်လာမှသာလျှင် ဝန်ဆောင်ခ ပေးရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် သင်ဟာ သင့်သတ်မှတ်ထားသည့် website သို့ လူတစ်ယေက် ရောက်လာလျှင် မည်မျှအကုန်အကျခံမည်ဟု ဆိုသည်နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် လာရောက်လည်ပတ်သူသည် သင့်အတွက် မည်မျှတန်ဖိုးရှိသည် (သို့) အကုန်အကျခံမည်ဟု တွက်ချက်ပြီး ထည့်သွင်းရသည့် ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းမျိုးဖြစ်သည်။

ဥပမာ၊ ၊
www.AAA.com သည် MogokAds နှင့် ချိတ်ဆက်ထားသည့် website တစ်ခုဖြစ်သည်။
သင်သည် ကျွန်တော်တို့၏ MogokAds မှတဆင့် ကြော်ငြာထည့်သည်။ သင်သည် ကြော်ငြာများကို တစ်ယောက်ယောက်က နိုပ်လျှင် သင်၏ ကိုယ်ပိုင် website ဖြစ်သော www.ZZZ.com သို့ ပို့ပေးရန် ညွှန်ကြားထားသည်။
➤ ကြော်ငြာစတင်သည်နှင့် MogokAds သည် www.AAA.com တွင် သင်၏ ကြော်ငြာများကို စတင်ပြသသည်။
➤ ထိုအခါတွင် www.AAA.com သို့လာရောက်သူ တစ်ဦးဦးမှ သင်၏ ကြော်ငြာကို တွေ့ရှိကာ စိတ်ဝင်စားသဖြင့် click လုပ်သည်။
➤ Click လုပ်လျှင် MogokAds မှ သင် သတ်မှတ်ထားသည့် www.ZZZ.com သို့ ထိုသူကို စေလွှတ်ပေးသည်။
➤ ထိုသူသည် www.ZZZ.com သို့ ရောက်ရှိသည်။

အထက်ဖေါ်ပြပါအတိုင်း သင်၏ www.ZZZ.com သို့ လူတစ်ယောက် ရောက်ရှိလာမှသာလျှင် သတ်မှတ်ထားသည့် အခကြေးငွေကို ကြော်ငြာခအဖြစ် ပေးချေရမှာဖြစ်ပါတယ်။

ဒါကြောင့် အခုလို သင်သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိမှသာလျှင် ပေးရသည့် ဝန်ဆောင်မှုဖြစ်သောကြောင့် performance network ဟုလည်း ခေါ်သည်။ မြန်မာလိုတော့ တကယ်ထိရောက်မှ ပိုက်ဆံပေးရတဲ့ ဝန်ဆောင်မှု ကြော်ငြာကွန်ယက်လို့လည်း ခေါ်နိုင်မယ် ထင်ပါတယ်။

5 comments :

  1. Pay per clip ကြော်ညာတွေကို online မှာတစ်ခါနှိပ်လျင်တစ်ပြားနှုန်းဖြင့် အမှန်တစ်ကယ် စိတ်မဝင်စားပဲ ပိုက်ဆံရရှိရေးအတွက် လုပ်ကိုင်နေသော ကြော်ညာကုမ္ပဏီများ online money ရှာဖွေသူများရှိနေသည့်အတွက် မိုကုတ်အက်စ် အနေနဲ့လုပ်ငန်းရှင်တွေကို ကြော်ညာခများ အလဟသ မဖြစ်ရအောင်ဘယ်လို ကာကွယ်မှုပေးထားလဲဆိုတာသိချင်ပါတယ်။

    ReplyDelete
  2. ဟုတ်ကဲ့ပါ ခင်ဗျာ့ http://support.mogokads.com/support/tickets/new တွင် မေးခြင်းဖြင့် ကျွန်တော်တို့ ဆီက တာဝန်ရှိသူ တစ်ယောက်က ဖြေကြားပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် အခြားသူများ မေးထားပြီးသည့် မေးခွန်းနှင့် အဖြေများကိုလည်း ပြန်လည်ကြည့်ရှု့နိုင်မယ့် နေရာလည်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. www.minntharlayit.blogspot.com အတွက် အကောင့်လျှောက်ထားတာ မရသေးလို့

    ReplyDelete
  4. menu bar က အလုပ်မလုပ်ဘူး

    ReplyDelete
  5. အနိမ့်ဆုံး Page View အရေအတွက် ဘယ်လောက်ရှိမှ MogokAds က ပူးပေါင်းပေးနိုင်မလဲသိချင်ပါတယ်


    ReplyDelete