Why MogokAds?

MogokAds ဆိုတာဘာလဲ

MogokAds ဆိုတာ အင်တာနက်မှ website ပေါင်း မြောက် များစွာမှာ တစ်ချိန်တည်း လွယ်လွယ်ကူကူ ဈေးသက်သက် သာသာဖြင့် ကြော်ငြာဝန်ဆောင်မှုပေးသော advertising platform ဖြစ်ပါတယ်။ ၂၀၁၃ ဇွန်လတွင် အစမ်းအနေဖြင့် website ပေါင်း ၅ ခု ကျော်တွင် ကြော်ငြာမှုများကို စတင် လုပ်ဆောင်ပေးခဲ့ပြီး ယခုအခါတွင် website ပေါင်း ၃၀ ကျော်တွင် တိုးချဲ့ပြီး ကြော်ငြာနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

MogokAds ၏ အဓိက ရည်ရွယ်ချက်မှာ ကြော်ငြာရှင်များ၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို အလွယ်ကူဆုံး၊ အထိ ရောက်ဆုံး နှင့် ဈေးနှုန်း အသက်သာဆုံးဖြင့် ကြော်ငြာနိုင်ရန် ဖြစ်ပါတယ်။ website ပိုင်ရှင်များ အနေဖြင့်လည်း လာရောက် လည်ပတ်သူများလေ၊ ဝင်ငွေတိုးလေ ဖြစ်တာကြောင့် ကြော်ငြာ ရှင်နှင့် ကြော်ငြာသူတို့ နှစ်ဦးနှစ်ဘက် အကျိုးများစေမှာလည်း ဖြစ်ပါတယ်။

နားလည်တတ်ကျွမ်းသူများနှင့် လုပ်ကိုင်ခြင်း

အင်တာနက်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကြော်ငြာ ခြင်းသည် ယနေ့ခေတ်အချိန်အခါတွင် အလွန်အသုံးများသည့် ကြော်ငြာ medium တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အင်တာနက် အသုံးပြုမှုလည်း မြင်တက်လာတာကြောင့် စီးပွားရေးလုပ်ငန်း ရှင်များအနေနှင့် အင်တာနက်တွင် မိမိ တို့၏ လုပ်ငန်းများကို ကြော်ငြာဖို့ လိုအပ်လာပါတယ်။

Website ပိုင်ရှင်များ၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ကြော်ငြာ ထည့်ပြီးလျှင် ပြင်ဆင်ရန် ခက်ခဲခြင်း၊ မည်မျှ ထိရောက်မှုရှိသည်ကို တိုင်းတာရန် ခက်ခဲခြင်း၊ မတန်တဆ ကြော်ငြာဈေးနှုန်းများ တောင်းဆိုခြင်း စသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် အဖြေကတော့ MogokAds Advertising Platform (MAP) ဘဲဖြစ်ပါ တယ်။

MAP ကို အင်တာနက် ကြော်ငြာလုပ်ငန်း အတွေ့အကြုံ ၁၅ နှစ် ရှိသည့် နိုင်ငံခြား ကျွမ်းကျင် ပညာရှင်များက ရေးဆွဲ ထားပြီး မြန်မာ အင်တာနက် ကြော်ငြာလုပ်ငန်းတွင် အတွေ့အကြုံရှိသူ မြန်မာများ ဦးစီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။

အသက်သာဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် ကြော်ငြာခြင်း

MogokAds သည် ကြော်ငြာရှင်တို့၏ ကြော်ငြာများကို တစ်စုံ တစ်ယောက်က click လုပ်မှသာလျှင် ဝန်ဆောင်ခပေးရပါတယ်။

လူကြီးမင်း၏ ကြော်ငြာ ပုံကို MogokAds network ထဲတွင် ရှိသည့် website ပေါင်း ၃၀ ကျော်တွင် အခမဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ လူကြီး၏ ကြော်ငြာကို တစ်စုံ တစ်ယောက် click လုပ်ပြီး သတ်မှတ်ထားသည့် website သို့ Facebook page သို့ ရောက်မှသာလျှင် ဝန်ဆောင်ခပေးချေရမှာ ဖြစ်ပါတယ်။ ဝန်ဆောင်ခမှာ တစ်ခါလျှင် မြန်မာကျပ် ငွေ ၂၀ ခန့်သာ ကျသင့်မှာ ဖြစ်တာကြောင့် အခြား printed media များ၊ leaflet များထက် အကုန်အကျသက်သာပြီး ပိုမို ထိရောက်အောင် ကြော်ငြာပေးနိုင်ပါတယ်။

အားသာချက်များ

အခြားကြော်ငြာများနှင့်ယှဉ်လျှင် မိုးကုတ်အက်၏ အဓိကအားသာချက်များမှာ -
  • နေ့စဉ် မည်မျှသာ သုံးစွဲလိုသည်ကို ချိန်ဆနိုင်သဖြင့် လူကြီးမင်းတို့ရဲ့ marketing budget နှင့် အဆင်ပြေအောင် ချိန်ဆသုံးနိုင်စွဲနိုင်ခြင်း။
  • နိုင်ငံအလိုက် ကြော်ငြာ ပြနိုင် ပိတ်နိုင်သောကြောင့် မိမိ၏ ကုန်ပစ္စည်းအား အမှန်တကယ် သုံးစွဲမည့် သူများထံသို့သာ ကြော်ငြာပြသနိုင်ခြင်း။
  • ကြော်ငြာများအား ၂၄ နာရီပတ်လုံး အချိန်မရွေးပြောင်းလဲနိုင်မည့် လွယ်ကူစွာအသုံးပြုနိုင်သည့် publisher dashboard ပါရှိခြင်း။
  • မိမိကြော်ငြာမည်မျှ ထိရောက်မှုရှိသည်ကို တိုင်းထွားနိုင်ခြင်း။

အဆင့်သင့်ဖြစ်ပီလား?

ယနေ့ခေတ်ကာလတွင် အင်တာနက်သည် စားသုံးသူများ၏ နေထိုင်မှုနှင့် ဝယ်ယူသုံးစွဲမှုပုံစံများကို အမှန်တကယ်ပြောင်းလဲပေးနိုင်သည့် အားအင်တစ်ခုဆိုသည်မှာ မလွှဲဧကန်ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများကို အင်တာနက်ခေတ်ကြီးမှာ ပြိုင်ဘက်များထက် အောင်မြင်မှုများရရှိစေရန်အတွက် MogokAds ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါ။

အောက်ပါလင့်ခ်တွင် သွားရောက်ပြီး လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီးပါက ကျွန်တော်တို့မှ အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးသွားပါမယ်။

MogokAds Online Advertising Network - Advertiser Enquiry Form

သို့မဟုတ် ကျွန်တော်တို့ထံမှ ကျွမ်းကျင်သည့် အရောင်းတိုင်ပင်ခံများဖြင့် စကားပြောရန်အတွက် ဖုန်း ၀၁-၁၂၂၃၁၄၅ (သို့) ၀၉-၇၃၂၁၀၀၄၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။