Advertisers - Frequently Asked Questions

ကြော်ငြာရှင်များ ကျွန်တော်တို့ကို အမေးများတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ သိလိုတဲ့ မေးခွန်းက အောက်မှာ ဖြေကြားထားပြီးပြီလားဆိုတာ အရင် ကြည့်ကြည့်ပါ။ ဖြေထားတာမတွေ့ဘူး၊ ဒါမှမဟုတ် ဖြေထားတာ မရှင်လင်းဘူးဆိုရင်တော့ ဒီမှာ ဆက်သွယ်ပြီး မေးချင်တာကို မေးလိုက်ပါ

➤ Pay-per-click (သို့) နိုပ်မှပေး (သို့) လူလာမှပေး စံနစ်ဆိုတာ ဘာပါလဲခင်ဗျာ့ ရှင်းပါဦး...

သင်၏ ကြော်ငြာကို အင်တာနက်သုံးသူမှ စိတ်ဝင်စားသဖြင့် နိုပ်ပြီး (click) လူကြီးမင်း သတ်မှတ်ထားသော website (သို့) facebook သို့ ရောက်ရှိလာမှသာလျှင် အဲ့ဒီတစ်ဦးတစ်ယောက် (per) အတွက် အခကြေးငွေပေး (pay) ရသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။

အနီးစပ်ဆုံး မြင်သာအောင် ဥပမာပေးပါဆိုလျှင် ကျွန်တော်တို့သည် သင်ရဲ့ကြော်ငြာလက်ကမ်းစာစောင်များကို လူအသွားအလာထူထပ်သည့် နေရာများတွင် အခမဲ့ဝေငှပေးပြီး ကျွန်တော်တို့ လက်ကမ်းစာစောင်ကြောင့် လူတစ်ယောက် သင်ရဲ့ ရုံးခန်း (သို့) ဈေးဆိုင် (သို့) ဖုန်းသို့ ဆက်သွယ်လာမှသာလျှင် ကျွန်တော်တို့က ဝန်ဆောင်ခ တစ်ယောက်ဘယ်လောက်ဆိုပြီး ပေးရသည့် ဝန်ဆောင်မှုမျိုးနဲ့ဆင်တူပါတယ်။ ဒီပုံစံကို ကျွန်တော်တို့က အင်တာနက်ပေါ်မှာ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။

ဒီလို သင့်ထံသို့ လူတစ်ဦးတစ်ယောက် ရောက်ရှိလာမှသာလျှင် ပေးချေရသည့် ဝန်ဆောင်မှုမျိုးဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကုန်ကျစရိတ်နဲ့ ကျွန်တော်တို့က ပို့ပေးတဲ့ လူတွေကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ယှဉ်ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။ marketing သမားတွေအတွက် သိပ်ကို အရေးပါတဲ့ ROI ကို တိတိကျကျ တွက်ချက်နိုင်မှာဖြစ်ပါတယ်

➤ Pay-per-click ဆိုတာကိုတော့ နားလည်သွားပြီး ဒါပေမယ့် ဝန်ဆောင်မှုကို ဘယ်လို သတ်မှတ်ထားတုန်း?

ဝန်ဆောင်မှုနှုန်းကတော့ တစ်ယောက်ကို (သို့) တစ် click ကို မြန်မာငွေ ၂၀ ကျပ်နှုန်းကနေ စပြီးတော့ ပေးနိုင် ရပါမယ်။

မိုးကုတ်အက် (MogokAds) ဟာ ကြော်ငြာတွေကို website က နေရာ တစ်နေရာမှာ ပြတော့မယ်ဆိုရင် ကျွန်တော်တို့မှာရှိတဲ့ ကြော်ငြာရှင်တွေ အားလုံးရဲ့ ပေးနိုင်တဲ့ ဈေးနှုန်းတွေကိုယှဉ်ကြည့်ပြီး အဲ့ဒီနေရာအတွက် ဈေးအရဆုံးဖြစ်မယ့် ကြော်ငြာများကို အချက်အလက် အမျိုးမျိုးကို အခြေခံပြီးတွက်ချက်ပါတယ်။ ဒီလိုတွက်ချက်ပြီးတဲ့အခါမှာ အကိုက်ဆုံးဖြစ်တဲ့ ကြော်ငြာကို အဲ့ဒီနေရာမှာ ပြသပေးတာဖြစ်ပါတယ်။

အထက်ကပြောတဲ့ အချက်အလက် အမျိုးမျိုးထဲမှာ ကြော်ငြာရှင် ပေးနိုင်တဲ့ ဈေးနှုန်းဟာလည်း အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် မိမိကြော်ငြာ ပေါ်သည့် အကြိမ်အရေအတွက် နည်းသွားရင် ပေးနိုင် သည့် ဈေးနှုန်းကို တိုးပေးခြင်းဖြင့် မိမိကြော်ငြာကို အကြိမ်အရေအတွက်ပိုပေါ်အောင် လုပ်နိုင်ပါတယ်။

➤ ပေးနိုင်တဲ့ဈေးဆိုတာကို သေချာရှင်းပြပါဦး?

လူတစ်ယောက်က website တစ်ခုကို ဖွင့်ကြည့်လိုက်တယ်ဆိုပါဆို့။ အဲ့ဒီဖွင့်လိုက်တဲ့ webpage မှာ ကြော်ငြာတစ်နေရာ ရှိတယ်ဆိုပါဆို့။

ဒီအခါမှာ မိုးကုတ်အက် (MogokAds) က ဒီကြော်ငြာတစ်နေရာအတွက် အသင့်တော်ဆုံးဖြစ်မယ့် ကြော်ငြာရှင်တစ်ယောက်ကို ကြော်ငြာရှင်ပေါင်းများစွာထဲကနေ ရွေးထုတ်ပါတယ်။

ဒီလို အသင့်တော်ဆုံးကြော်ငြာကို ရွေးထုတ်တဲ့အခါ ထည့်သွင်းစဉ်းစားတဲ့ အချက်အလက်တွေကတော့ ကြော်ငြာရှင်ရဲ့ ကြော်ငြာသမိုင်း၊ ပေးနိုင် တဲ့ ဈေးနှုန်း စတဲ့ အချက် ၂ ချက်ပေါ် မှုတည်စဉ်းစားပါတယ်။

ပေးနိုင်တဲ့ဈေးနှုန်းကို အခြေခံပြီး တွက်ချက်ရာမှာတော့ ဝန်ဆောင်မှုအတွက် အများဆုံး ပေးနိုင် တဲ့ ကြော်ငြာရှင်ရဲ့ ကြော်ငြာကို ရွေးချယ်မှာဖြစ်ပါတယ်။

ဥပမာ။    ။တွက်ချက်မှုကို အောက်မှာဖေါ်ပြပေးထားပါတယ်။

ကြော်ငြာရှင် (က) - ပေးနိုင်သည့်ဈေး ၂၀ ကျပ်
ကြော်ငြာရှင် (ခ) - ပေးနိုင်သည့်ဈေး ၅၀ ကျပ်
ကြော်ငြာရှင် (ဂ) - ပေးနိုင်သည့်ဈေး ၁၀၀ ကျပ် ဆိုကြပါဆို့

ဒါဆိုရင် ကြည့်လိုက်တာနဲ့ ကြော်ငြာရှင် (ဂ) က ပေးနိုင် တဲ့ဈေးများတဲ့အတွက် သူရဲ့ ကြော်ငြာကို ရွေးချယ်ခံရမှာပါ။

ဒါပေမယ့် တကယ်တမ်း ကြော်ငြာရှင် (ဂ) ရဲ့ ကြော်ငြာကို တစ်ယောက်ယောက် click လုပ်သွားခဲ့ရင် တကယ်ပေးရမယ့် ဝန်ဆောင်မှုဟာ ဒုတိယမြောက် အများဆုံးပေးနိုင်သည့်ဈေး + ငွေ ၁၀ ဖြစ်ပါတယ်။

ဒါကြောင့် အမှတ်တကယ် click လုပ်လျှင် ကြော်ငြာရှင် (ဂ) ၏ ပေးရမည့် ဝန်ဆောင်မှုမှာ -

(ဒုတိယအများဆုံး ပေးနိုင် တဲ့ဈေး) ၅၀ ကျပ် + ၁၀ ကျပ် = ၆၀ ကျပ်

သာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရသော် ပေးနိုင် သည့် ဈေးသည် မိမိထံရောက်လာမည့် လူတိုင်း (သို့) မိမိကြော်ငြာကို နိုပ်လိုက်သည့် (click) တိုင်းအတွက် အမြဲတမ်းပေးရသည့်ဈေးမျိုးမဟုတ်ဘဲ၊ အခြားဈေးပြိုင်ပေးသည့် ပြိုင်ဘက်များရှိမှသာလျှင် မိမိက လူတစ်ဦးတစ်ယောက် (သို့) click တစ်ချက်အတွက် အများဆုံး ပေးချင်သည့် ဈေးနှုန်းသာလျှင် ဖြစ်ပါတယ်။

➤ ကျွန်တော့်ကြော်ငြာကို နေရာကောင်းတွေမှာဘဲပေါ်ချင်တယ် လုပ်လို့ရလား?

မိုးကုတ်အက် (MogokAds) ဟာ pay-per-click (သို့) နိုပ်မှပေးရတဲ့ စံနစ်ဖြစ်ပြီး နေရာဖြင့်၊ အချိန်ကာလဖြင့် ဈေးနှုန်းသတ်မှတ်သည့် စံနစ်မျိုးမဟုတ်ပါ။

မိမိလိုချင်သည့် နေရာကို မိမိကြိုက်သည့် website တွင် ထည့်ဖို့ဆိုရင် အချိန်ကာလနှင့် နေရာပေါ်မှုတည်ပြီး လစဉ်ထည့်သည့် စံနစ်ကို သုံးနိုင်ပါတယ်။ မိုးကုတ်အက် (MogokAds) က လစဉ်မလုပ်သည့်အတွက် လစဉ်ကြော်ငြာများလက်ခံတဲ့ myOpenAds နှင့် ဆက်သွယ်ကြည့်ပါ။

ဒါကြောင့်မို့ ကြော်ငြာရှင်သည် ကြော်ငြာပေါ်မည့် နေရာကို ရွေးချယ်နိုင်ခြင်းမရှိပါ။

➤ ကြော်ငြာထည့်ဖို့ ဘာတွေလိုအပ်မလဲ?

ကြော်ငြာပုံနှင့် သင့်အကောင့်ထဲကို ငွေကြိုတင်ထည့်ထားရပါမယ်။ ကြော်ငြာပုံတွေကို အောက်ပါ အရွယ်အစားများနှင့် ပြုလုပ်ထားရပါမယ်။ MogokAds က design agency မဟုတ်တဲ့အတွက် design များ မလုပ်ပေးပါ။ လိုအပ်သည့် ကြော်ငြာအရွယ်အစားများကို ဒီမှာကြည့်နိုင်ပါတယ်။ ဥပမာ ကြော်ငြာပုံစံတွေကိုတော့ ဒီမှာကြည့်ပါ

အကောင့်ဆိုတာက ဘာအတွက်လဲ?

မိုးကုတ်အက် (MogokAds) ရဲ့ ဝန်ဆောင်မှုကို သုံးပြီး အင်တာနက်တွင်ကြော်ငြာမယ့်သူအားလုံးဟာ မိုးကုတ်အက် (MogokAds) မှာ အကောင့်ရှိဖို့လိုပါတယ်။ ဒီအကောင့်ကိုတော့ ဖွင့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၀၉-၇၃၂၁၀၀၄၃
၀၁-၁၂၂၃၁၄၅ (ဟုတ်ပါတယ်.. မှားရေးတာမဟုတ်ပါဘူး။ ဖုန်းနံပါတ်က ၁ နဲ့စပါတယ်။)

ကြော်ငြာထည့်သွင်းလိုသူများ သို့မဟုတ် စိတ်ဝင်စားသူများကို ကျွန်တော်တို့ ရုံးခန်းကိုလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ မိုးကုတ်အက် (MogokAds) ကို -

အမှတ်(၁၁)၊ ၇ လွှာ၊ စမ်းချောင်းလမ်း၊ စမ်းချောင်း၊ ရန်ကုန်

မှာလာရောက်လည်ပတ်နိုင်ပါတယ်။

အကောင့်ကို ပိုက်ဆံဖြည့်ရတယ်ဆိုတာကရော?

အခုခေတ်မှာတော့ mobile phone ကို ပိုက်ဆံဖြည့်တာကတော့ အားလုံးသိကြမှာပါ။ အဲ့ဒီအတိုင်းပါဘဲ မိုးကုတ်အက် (MogokAds) ကနေ ကြော်ငြာထည့်ချင်ရင် အကောင့်ထဲကို ပိုက်ဆံပေးသွင်းရပါတယ်။ ဖုန်းကဒ်မှာ ၅၀၀၀ တန် ၁၀၀၀၀ တန်ရှိပေမယ့်၊ မိုးကုတ်အက်မှာတော့ အနည်းဆုံး မြန်မာငွေ ၃၀၀၀၀ ကနေ၊ ကြိုက်သလောက် (၁၀၀၀၀ ၏ ဆတိုး) ငွေကို မိုးကုတ်အက် ရုံးခန်းမှာဖြစ်ဖြစ်၊ မိုးကုတ်အက်ရဲ့ ဘဏ်အကောင့်ထဲကိုဘဲဖြစ်ဖြစ် ပေးသွင်းနိုင်ပါတယ်။